
မနက်စာ နှင့် အဆာပြေ လုပ်စားနိုင်ဖို့ ပုဇွန်ကော်ပြန့် လိပ်ကြော်ပါ။ ပုဇွန်ကို ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲငံပြာရည်၊ နှမ်းဆီတို့နဲ့ ရောနုယ်ပြီမှ ကော်ပြန့်ရွက်ထဲ ထည့်လိပ်ထားတာပါ။ ထိုင်းငရုတ်သီး အချိုဆော့နဲ့ တွဲဖက် သုံးဆောင်ဖို့ အလွန်လိုက်ဖက်ပါတယ်။ ခုပဲ တူတူ လုပ်ကြည့်ရအောင်..
ပါဝင်ပစ္စည်းများ
- ပုဇွန်မီနီ – ၁၅ကောင် (အမြှီးချန် အခွံနွှာပြီ ချေးထုတ်ထားပါ)
- ကော်ပြန့်ရွက်သေး – ၈ရွက် (တြိဂံပုံ ထပ်ခြမ်းခြမ်း ပိုင်းထားပါ)
- ကြက်သွန်ဖြူ – ၂မွှာ (ညက်အောင် ထောင်းထားပါ)
- ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (ညက်အောင် ထောင်းပါ)
- နှမ်းဆီ – လက်ဖက်ရည်ဇွန်း တ၀က်
- ပဲငံပြာရည်(အကြည်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း တ၀က်
- ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ထိုင်း ငရုတ်သီးအချိုဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း (တွဲဖက် သုံးဆောင်ရန်)
- ကော်မှုန့် – စားပွဲတင်ဇွန်း တ၀က် (ရေဖြင့် ရော်ဖျော်ထားပါ၊ သုပ်ရန်)
၁။ အရင်ဆုံး ပုဇွန်ကို တဖြောင့်တည်းဖြစ်အောင် အောက်နားကို ဓားဖြင့် အနည်းငယ် မွှန်းပေးပါ။ (ပုဇွန်ကို ပြတ်အောင် မလှီးပါနဲ့)

၂။ ထို့နည်းအတိုင်း ကျန်ပုဇွန်များကို ပြုလုပ်ပေးပါ။

၃။ ထို့နောက် ပုဇွန်ကို (ကြက်သွန်ဖြူ၊ ဂျင်း၊ နှမ်းဆီ၊ ပဲငံပြာရည်၊ သကြား၊ ကော်မှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ဖြင့် သမအောင် ရောနုယ်ပေးထားပါ။
၎။ ပြီလျှင် ကော်ပြန့်ရွက်ပေါ် ပုဇွန် တင်ပြီ ပုံတွင် ပါသည့်အတိုင်း လိပ်ပေးပါ။ ပြီနောက် အပေါ်က တြိဂံထောင့်ကို ကော်ရည်သုတ်ပြီ ခေါက်ကို အစွန်းထိ ဆက်လိပ်သွားပါ။



၅။ ကြော်တဲ့အခါ ကော်ပြန့်လိပ်မပြေအောင် ကော်ပြန့်လိပ် ထောင့်စွန်းကို ကော်ရည်သုတ်ပေးပါ။ ထိုနည်းအတိုင်း ကျန် ပုဇွန်များကို လိပ်ပေးပါ။

၆။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် မီးအတင့်သင့်ဖြင့် ကော်ပြန့်များကို ရွှေညိုရောင်သန်းသည်အထိ ထည့်ကြော်ပေးပါ။


ရ။ အရသာရှိသော ပုဇွန် ကော်ပြန့်လိပ်ကြော်များကို ထိုင်းငရုတ်သီး အချိုဆော့ဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…

No comments:
Post a Comment